ရန်ကုန် အောက်တိုဘာ ၃၀
မော်လမြိုင်အသင်း(ရန်ကုန်)၏နှစ်ပေါင်း(၁၀၀)ပြည့်အထိမ်းအမှတ် ကြုံတောင့်ကြုံခဲရာ ပြည့်ကထိန်အလှူတော်ပွဲကြီးကို ရန်ကုန်မြို့ ရွှေတိဂုံစေတီအနောက်ဘက်မုခ်ရှိ မော်လမြိုင်အသင်း ဓမ္မာရုံကြီးတွင် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၂) ရက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၁) ရက် နံနက် ၉နာရီတွင် အသင်း၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဝိစိတ္တဉာဏအရှင်အား ကထိန်သင်္ကန်းနှင့်ကထိန်ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲအား ရာပြည့်ကထိန်အမှတ်တရအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသဖြင့် မော်လမြိုင်နွယ်ဖွားအသင်းသူ၊ အသင်းသားများ တက်ရောက်ပါဝင်လှူဒါန်းနိုင်ပါရန် အသင်းကြီးက နှိုးဆော်ဖိတ်ကြားထားကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)