မွန်ပြည်နယ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နှစ်သစ်မင်္ဂလာကို ကြိုဆိုသောအားဖြင့် ဗုဒ္ဓဃောသ(မွန်)  စာသင်တိုက်၏ ကျောင်းအဝင်မုခ်ဦးဖွင့်ပွဲနှင့် လမ်းရေစက်ချပွဲအခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ နှစ်သစ်မင်္ဂလာကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘုရားကြီးကျောင်းတိုက် ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝါရီန္ဒ၏ သြဝါဒကို ခံယူ၍ ကျိုက်မရောမြို့ ၊ရန်မျိုးအောင် ရပ်ကွက် ၄ ရှိ ၊ဗုဒ္ဓ ဃောသ(မွန်)စာသင်တိုက်၏ ကျောင်းအဝင်လမ်းနှင့် မုခ်ဦးကြီး ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉နာရီက အဆိုပါ မုခ်ဦး၌ ကျင်းပပြုလုပ်သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံ၌ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့လှကျေးရွာတွင် ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မူကြိုကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများပြုလုပ်ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မူကြိုကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ရင်သွေးငယ်များအား ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယ​နေ့ နံနက် ၁၀ နာရီအချိန်က ကျိုက္ခမီမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံးပါဝင်သည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့ လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ (၃၁)ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက်ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စေတီတော်ရင်ပြင်တော်ပေါ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အားကစားပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ပြိုင်ပွဲအမျိုးအစားများအလိုက် မြို့နယ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေး သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင် ဉာဏ်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။   
Subscribe to မွန်ပြည်နယ်