သံဖြူဇရပ် ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မူကြိုကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ရင်သွေးငယ်များအား ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျိုက္ခမီမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျိုက္ခမီမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမူကြိုကျောင်းမှ ရင်သွေးငယ်များက အက ပဒေသာများဖြင့် ကပြဖျော်ဖြေပြီးဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မို့လွင်၊ အဖွဲ့ဝင် ဦးအောင်သန်းနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၌ ပြိုင်ပွဲများပြုလုပ်ရာ ဘော်လုံသယ်(ကျား/မ)၊ ဖားခုန်(ကျား/မ)၊ စကောရွက် (ကျား/မ)၊ လွန်ဆွဲ( ကျား/မ)၊ အာလူးကောက် (ကျား/မ)၊ ဘော်လုံးလက်ဆင့်ကမ်း(ကျား/မ) အပြေးပြိုင်ပွဲ(ကျား/မ)၊ ဂုံနီအိတ်စွပ် (ကျား/မ) ဉာဏ်ရည်ဂိမ်း(ကျား/မ)၊ ပြိုင်ပွဲ(၉)မျိုး ပွဲစဉ် (၁၈)ပွဲပြုလုပ်ရာ ပြိုင်ပွဲဝင် ရင်သွေးငယ်(၆၃) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရင်သွေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မို့လွင်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)