(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်   ဇန်နဝါရီ   ၂

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်းပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်မြင့်မားရေးနှင့် တစ်ဦးချင်းစီ၏ စကားပြောစွမ်းရည်များ တိုးတက်မြင့်မားရေး ကာယ၊ ဉာဏစွမ်းရည်များတိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များနှင့် တာဝန်ရှိသူများကဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်