ဘီးလင်းမြို့နယ်တွင် စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ဘီးလင်း    ဇန်နဝါရီ    ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   စားသုံးသူ​ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက စားသုံးသူဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

 ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူးဒေါ်ဇင်ဖြူဝင်း က စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူများနစ်နာမှု ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ဌာနမှ ဖြေရှင်းပေးမှုအ​ခြေအနေကိုလည်းကောင်း၊ အကြီးတန်းစာရေးနော်အေးမို့မို့က  ထုတ်ကုန်လုံခြုံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ တား​မြစ်ချက်များကို လိုက်နာမှုမရှိပါကဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း  ဆွေးနွေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် စာသင်ကျောင်းများနှင့် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထူးနောင်(ဘီးလင်း)