ကျိုက်ထို ဇန်နဝါရီ ၂၅
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာမှ သခွားစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ သခွားစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သခွားပင်အား ပျိုးထောင်ရာတွင် ပျိုးစေ့များချ၍ ရေမှန်မှန်လောင်းရပြီး ပျိုးသက်(၂)ပတ်ရရှိချိန်တွင် တိုင်များထောင်၍ သဘာဝဓာတ်မြေဩစာဖြစ်သည့် နွားချေး၊ မြေဆွေးများ ထည့်ကာ စိုက်ပျိုးရသည်။
အပင်ပေါင်း(၁၀၀၀)ကျော်ခန့်ရှိပြီး ကြာချိန် (၄၅)ရက်ပြည့်လျှင် စတင်ခူးယူ၍ရကြောင်း သိရပါသည်။၊
သခွားသီးအား ရောင်းချရာတွင်ယခင်နှစ်က (၁)ပိဿာကို (၈၀၀)ကျပ် ရရှိပြီး ယခုနှစ်တွင် (၁)ပိဿာကို (၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းရသောကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူဦးစိုးဝေ၏ပြောကြားချက်အရ သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)