ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်း စိုးကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာလွင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် က‌လေးသူငယ်များအား အကြမ်းဖက်ခြင်းမှ ကာကွယ် နိုင်မည့် နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူခင်က ကလေးသူငယ် ဥပဒေပြဌာန်းချက်များအား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း အဆင့်(၃) ဒေါ်ငုရတနာသိန်းမှ ကလေးသူငယ် အခွင့်အရေးများဥပ‌ဒေဆိုင်ရာ (၂၀၁၉)မှ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်များလိုက်နာရမည့်စည်းကမ်းများ၊ ကလေးသူငယ်များ အပေါ်ကျရောက်နိုင်သည့်အန္တရာယ်ကို ကာကွယ်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ပြန်/ ဆက်)