မွန်ပြည်နယ်

သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ရွာကြီးပိုင်း၌ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ရွာကြီးပိုင်းရှိ လူငယ်လူရွယ်များပူးပေါင်းကာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းတို့ကို ယမန်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့) မွန်းလွဲပိုင်းက ဂေါ့ရွာကြီးပိုင်း ရွာပိုင်အဘိုးနတ်နန်း၌ ပြုလုပ်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက်၊ နံနက် ၈ နာရီတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

​ရေးမြို့နယ်တွင် နှစ်ဆန်းတစ်ရက်​နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ​ရေးခရိုင်၊ ​ရေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရ​က်​နေ့ ဇီဝိတဒါန စု​ပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယ​​နေ့နံနက် ၈ နာရီအချိန်က ရန်မျိုး​အောင်ရပ်ကွက်၊ မင်္ဂလာကျုံး​တော်ကန်၌ ဇီဝိတဒါန စု​ပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ကျိုက်မရော အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့်  လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၈/၂၀၂၃ ပါ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်အရ ကျိုက်မရော မြို့နယ် အကျဥ်းထောင်မှ အကျဥ်းသား အကျဥ်းသူများအား ဧပြီ ၁၇ရက် နံနက် ၉နာရီ ခွဲ ကပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်းသိရသည်

မုဒုံမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ တတိယအကြိမ် အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါ ငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

မွန်ပြည်နယ်၀န်ကြီးချုပ် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲနှင့် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်

သတ္တဝါများဘေးအန္တရာယ်ကင်းရှင်း ပြီး အသက်ရှည်စွာနေနိုင်ကြစေရန်နှင့် ရှေးအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက် ရန်ရည်ရွယ်၍ ၁၃၈၅ခုနှစ် တန်ခူးလ ပြည့်ကျော် ၁၃ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင်  မော်လမြိုင်မြို့၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်.တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများတက်ရောက်ခဲ့သည်။

သထုံအကျဉ်းထောင်မှ အကျဥ်းသား(၂၅)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် (၂၈/၂၀၂၃)အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား(၂၅)ဦးတို့အား ဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်နေ့)နံနက်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြိုနယ်တွင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ အကျဥ်းစခန်းအသီးသီးမှ အကျဥ်းသူ/သား (၆၅) ဦးအား လွတ်ငြိမ်းခွင့်ပြု

ကျိုက်ထိုမြို့နယ်တွင် မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် ဧပြီ(၁၇) ရက် နံနက်(၁၀)နာရီ၌ မြိုနယ်အတွင်းရှိအကျဉ်း စခန်းအသီးသီးမှ အကျဉ်းသား/သူ(၆၅)ဦး အားလွတ်ငြိမ်းခွင့်ပြုကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ နှစ်စဥ်ကျင်းပ​မြဲဖြစ်သော သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်​သော သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ် ၀န်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ပွဲအခမ်းအနားနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ညနေ ၆ နာရီက  မော်လမြိုင်မြို့ ကမ်းနားလမ်းဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀က် ၀န်ကြီးများဌာနဆိုင်ရာများ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲ ၀င်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်