မုဒုံမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

မုဒုံ      ဧပြီ      ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ တတိယအကြိမ် အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါ ငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်းများ၊ ဆံတော်ရှင်ကန်ကြီးစေတီတော်ဂေါပကဥက္ကဋ္ဌ ဦးရွှေသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဘိုးဘွားများအား သြဂါဿကန်တော့ကျိုးဖြင့် ဆုတောင်းကန်တော့ခဲ့ကြသည်။  ထို့နောက် ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ်  ၅၀၀၀၀/-နှင့် လှူဖွယ်ပစ္စည်း ၂၅၀၀၀/- ကျပ်  လှူဒါန်းငွေ  ၇၅၀၀၀/-ကျပ် နှုန်းဖြင့် ဘိုးဘွား(၁၂၆)ဦးအား စုစုပေါင်းလှူဒါန်းငွေကျပ်  ၉၄၅၀၀၀၀ /-အား လှူဒါန်းခဲ့ကာ လှူဒါန်းမှုအတွက် ဘိုးဘွားများကိုယ်စား အဖိုးတစ်ဦးမှ နှစ်ဦးဆုမွန်တောင်း စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ဆံတော်ရှင်ကန်ကြီးစေတီတော်ရှိ မင်္ဂလာကန်တော်တွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများမှ ငါး​မြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၀၀၀ ခန့်အား ကုသိုလ်ပြုလွှတ်​ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)