ကျိုက်မရော ဧပြီ ၁၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၈/၂၀၂၃ ပါ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်အရ ကျိုက်မရောမြို့နယ်အကျဥ်းထောင်မှအကျဥ်းသား အကျဥ်းသူများအား ဧပြီ ၁၇ရက် နံနက် ၉နာရီ ခွဲ ကပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်
အဆိုပါ ပြစ်ဒဏ် ကျခံလျက်ရှိသည့် အကျဥ်းသား ၁၈ ဦးနှင့် အကျဥ်းသူ ၃ ဦး စုစုပေါင်း ၂၁ ဦး တို့အား ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ ကျိုက်မရော အကျဥ်းထောင်မှ တာဝန်ခံ အရာရှိဒုတိယညွှန်ကြားရေးမှူး ဦးသက်ဦးတို့က ဆုံးမသြဝါဒစကား ပြောကြားခဲ့ကာ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဥ်းသား၊ အကျဥ်းသူ များအား ၎င်းတို့ခံစားခွင့်ရရှိသည့်စားစရိတ်၊ ခရီးစရိတ်များ အားတစ်ပါတည်းပေးအပ်၍သက်ဆိုင်ရာကားဂိတ်များသို့ပို့ဆောင်ပေးခဲ့ကြောင်း ကျိုက်မရော အကျဥ်းထောင်မှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရသိရသည်။
မြို့နယ်(ပြန်/ဆက်)