မွန်ပြည်နယ်

ကျိုက်မရောမြို့တွင်  သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၌ မြန်မာရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ နှစ်သစ်အခါတွင် နှစ်စဥ်ကျင်းပသော (၃၄)ကြိမ်မြောက် သက်ကြီးဘိုးဘွား ပူဇော်ပွဲကို ယနေ့နံနက် ၇နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ယမန်နေ့ည ၆ နာရီခွဲအချိန်တွင် ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် (အတက်နေ့) ချောင်းဆုံမြို့နယ်၏ ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် လျှပ်စစ်ရုံးရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ် ကဒါရပ်ကွက်တွင် (၃၈)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ သင်္ကြန်ကာလနှစ်သစ်အခါတွင် နှစ်စဉ်ကျင်းပသော  (၃၈)ကြိမ်မြောက်သက်ကြီးဘိုးဘွားပူဇော်ပွဲကို မဟာသင်္ကြန်(အတက်နေ့) နံနက်(၇)နာရီအချိန်က ပေါင်မြို့နယ်၊ ကဒါရပ်ကွက်ရှိ ကမ္ဘာအေးဘုရားဝန်းအတွင်းရှိ ရာမညဓမ္မသာလာဓမ္မာရုံတွင် ကျင်းပကြောင်း  သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် ပျော်ရွှင်စွာ ရေကစားနေမှုများ ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့၌ တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များတွင် အများပြည်သူအေးချမ်းပျော်ရွှင်စွာရေကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ပြည်သူများ ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မဟာသကြင်္န်အတတ်နေ့ မုဒုံမြို့နယ်၌ တန်ခိုးကြီးဘုရားများတွင်စည်ကား

မဟာသကြင်္န်အတတ်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများနှင့် မြို့နယ်ရေကစားမဏ္ဍပ်များ၌ ​ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုက်မရောတွင် ဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး သင်္ကြန်ကာလစျေးကောင်းရရှိ

 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းရွာဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး သင်္ကြန်ကာလဖြစ်၍ စျေးကောင်းလည်းရရှိကြောင်း သိရသည်။

သထုံမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား

မွန်ပြည်နယ်၊ သထုံမြို့တွင်ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယမန်နေ့ (မဟာအတာသင်္ကြန်ပွဲတော်အကြတ်နေ့)၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားကြပြီး ပွဲတော်ကျင်းပရေးကော်မတီမှ စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကြတ်နေ့ ဖျော်ဖြေတင်ဆက်နေမှုများ ကြည့်ရှုအားပေး

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် အကြတ်နေ့တွင်  ပြည်နယ်ဝန်ကြီး ချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယမန်နေ့ နေ့လယ်ပိုင်းက ပေါင်မြို့နယ် ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများနှင့် တေးသီချင်းများသီဆိုနေမှုများကိုကြည့်ရှု့အားပေးခဲ့ပြီးဆုများချီးမြှင့်ခဲ့သည်။
Subscribe to မွန်ပြည်နယ်