ရေး ဧပြီ ၁၈
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာကျုံးတော်ကန်၌ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားတွင် အမှတ်(၃)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးစိုးမိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်ဇနီးတို့မှ ဦးဆောင်ပြီး ရွှေဝါငါးကြင်းနှင့် တလားဘီးယားငါးမျိုးကောင်ရေ (၅၀၀၀) တို့အား မင်္ဂလာကျုံးတော်ထဲသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အမှတ်(၃)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးစိုးမိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရေးအဖွဲဥက္ကဋ္ဌ ဦးစန်းမင်းနှင့်ဇနီး၊ ခရိုင် ဒုရဲမှူးကြီးဖြိုးဇေယျာစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်ဇနီး၊ မြို့မနယ်ရဲတပ်ဖွဲ့ ရဲမှူးဉာဏ်ထွန်း၊ ခရိုင်/ မြို့နယ်မိခင်ကလေးနှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)