မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားတက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။