မွန်ပြည်နယ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)ဦးကိုကိုလွင် ပေါင်မြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများအား  လိုက်လံကြည့်ရှု

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဇန်နဝါရီလ (၁၁)ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ တပ်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့‌ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်မည်ဖြစ်ရာမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ တောစွန်းကျေးရွာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ တောစွန်းကျေးရွာ အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂)တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားများအား ပြည်သူများလက်ဝယ် အရောက်ပေးအပ်

မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ကိုင်ဆောင်ခွင့်ရရှိသူများအား မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူး မာရီယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် လာရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(BookClub)၏ (၁၀၂)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၁၀၂) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၌ မီးဘေးသင့်ပြည်သူများအား အလှူ‌ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် Youth Peace Forum-2026 ဩဝါဒခံယူပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဇန်နဝါရီ (၈) ရက်နေ့တွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ ၅၇ လုံးရှိ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ လိုလေသေးမရှိစေရေး ကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့လျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ စိုက်ပျိုး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအပြင် သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်