ဟားခါးမြို့၌ မဲစာရင်းများ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်းစစ်ဆေး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မကျန်ရှိစေရေးအတွက် မဲစာရင်းများ အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၃ ရက်နေ့က ဟားခါးမြို့၊ မြို့ပေါ်ရပ်ကွက် ( ၈ ) ရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။