ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသောလူနာများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစာများ ထောက်ပံ့ပေးအပ်
ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသောလူနာများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူးနှင့် ၎င်းတို့၏ဇနီးများက သြဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးသည်။