တီးတိန်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
ချင်းပြည်နယ်တီးတိန်မြို့၌ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ တီးတိန်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အဆိုပါကျောင်းတွင် ယနေ့နံနက်ကပြုလုပ်သည်။