ဟားခါး စက်တင်ဘာ ၁၂
၂၀၂၅−၂၀၂၆ ပညာသင်နှစ် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းသား၊ သမီးများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများသည် ရုံးလုပ်ငန်း မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် အချိန်နှင်တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထိုသို့ မိမိတို့၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီ၏ မိသားစုနှင့် သားသမီးအရေးကိစ္စများ အဆင်ပြေပြေ ရှိရန်လည်း အရေးကြီးသဖြင့် ယခုကဲ့သို့ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နောင်တွင် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် ထားပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသား၊ သမီးများနှင့် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသာ ဝန်ထမ်းသား၊ သမီးများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသား၊ သမီးများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေကလည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် ဆန်၊ ဆီများပေးအပ်ကြပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊ သမီးများကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်တိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)