(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြိုအဖြစ် ဟားခါးမြို့မဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

ဟားခါး စက်တင်ဘာ ၈

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးမြို့မရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် သီးခြားတပ်ဖွဲ့များ စုစုပေါင်း (၅၅) ဦးက စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့မဘုန်းကြီးကျောင်း လမ်းဘေးဝဲ/ယာမှ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ လာရောက် အားပေးကြည့်ရှုခဲ့ပြီး တပ်ဖွဲ့ဝင်များအား ကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးပြီး ဟားခါး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ကျောဘုတ်ဆရာတော် ဘဒ္ဒန္တပညောဘာသ၊ လုံလဲဆရာတော်နှင့် မြို့မကျောင်းဆရာတော်တို့အား သွားရောက်ဖူးမျှော်ကာ တစ်ပါးလျှင် ဝတ္တုငွေ(၃)သိန်းကျပ်စီဖြင့် စုစုပေါင်း (၉) သိန်းကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက် )