တီးတိန်မြို့၌ အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းရှင်းလင်းပြသခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ပြုလုပ်

တီးတိန် စက်တင်ဘာ ၁၁

ချင်းပြည်နယ်တီးတိန်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဦးဆောင်မှုဖြင့် အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းပြသခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဟန်မင်းထွန်းက အမှာစကားပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (Myan Mar Electronic Voting Machine) နှင့် စပ်လျန်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငွေစိုးက ရှင်းလင်းပြသခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများတက်ရောက်ကြပြီး (MVEM) မဲပေးစက်ဖြင့်စမ်းသပ်မဲပေးခဲ့ကြ‌‌ကြောင်း သိရ‌သည်။

မြို့နယ် (ပြန်/ဆက်)