ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာ(၆၇၆.၄၅)ဧကအတွင်း မဲနှိုက်စနစ်ဖြင့် ပထမအကြိမ် မြေကွက်ရရှိသူ ပြည်သူ(၂၄၆)ဦးအား မြေပေးမိန့်နှင့် မြေစာရင်းပုံစံ(၁၀၅/၁၀၆) ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက်
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာ (၆၇၆.၄၅)ဧကအတွင်း မဲနှိုက်စနစ်ဖြင့် ပထမအကြိမ် မြေကွက်ရရှိသူ ပြည်သူ(၂၄၆)ဦးအား မြေပေးမိန့်နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။