တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂)ဦး ပြန်လည် ကျန်းမာလာသူ(၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

တွန်းဇံ ဇူလိုင် ၁၂

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူဆေးရုံနှင့် ကျီခါးတိုက်နယ် ဆေးရုံတို့တွင် ယနေ့ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၂)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ(၄)ဦး ရှိကြောင်း သိရသည်။

ယနေ့ တွန်းဇံမြို့ပြည်သူ့ဆေးရုံး၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၃၇)ဦး၊ အနက်(၂)ဦးတွင် ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးဖြစ်ပြီး ကျီခါးတိုက်နယ်ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၇)ဦးတွင် ကိုဗစ်-၁၉ Positive တွေ့ရှိမှု မရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မေလ (၂၇)ရက်နေ့မှ စတင်ပြီး Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်-၁၉ Positive ထွက်ရှိသူ (၆၄၆)ဦး၊ ကိုဗစ်-၁၉ Positive ဖြစ်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅၆၂)ဦး၊ ကိုဗစ််-၁၉ Positive ဖြင့် သေဆုံးသူ(၂၆)ဦး ရှိလာပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်ထံမှ သိရသည်။

ဝေဖြိုး(ဇလပ်မြေ)