ချင်းပြည်နယ်

ရိခေါ်ဒါရ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမိသားစုများထံ ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်းမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာမိသားစုများအား ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Oraganization- HLDO)မှ စားနပ်ရိက္ခာများကို ဇူလိုင်လအတွင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအသစ် ၃၅ ဦး ထပ်မံတွေ့ရှိ၊ ယနေ့အထိ ပိုးတွေ့လူနာ ၁၃၉ ဦးရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က ဒေသခံပြည်သူ (၂၂၅)ဦး Test Kid ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ‌တွေ့ရှိသဖြင့် ဟားခါးမြို့တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၁၃၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံ‌တွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူပေါင်း(၂၆၂)ဦး‌ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ‌ တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ပိုးတွေ့(၅)ဦး ထပ်မံတွေ့ရှိ

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ​ သံသယလူနာများအား ပြည်သူ့​ဆေးရုံ၌ ယမန်နေ့က ၂၇ ဦး စစ်ဆေးရာ (၅)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၂၆၂)ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇူလိုင် ၅ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဟားခါးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၂ နာရီက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ဖလမ်းမြို့၌ COVID-19 ရောဂါရောဂါကြောင့်သေဆုံးသူ(၁၆)ဦးရှိ

ချင်းပြည်နယ်၊ဖလမ်းမြို့တွင် ပြည်သူများအားCOVID-19ရောဂါ ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိ (၂၇၃)ဦးရှိပြီး သေဆုံးသူ(၁၆)ဦးရှိပြီးဖြစ် ကြောင်းသိရသည်။

ဟားခါးမြို့မရဲစခန်းတွင်ရာဇသတ်ကြီးဥပဒေပုဒ်မ၊၅၀၅(က)အမှုမှ(၂)ဦးအားအမှုရုပ်သိမ်း၍ ပြန်လည် စေလွှတ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ မြို့မရဲစခန်းအချုပ်ခန်းတွင်ရာဇသတ်ကြီးဥပဒေ ပုဒ်မ၊၅၀၅(က)အမှုမှ ဦးစားပေးလွှတ်သင့်သူ(၂)ဦးအား အမှုရုပ်သိမ်း၍ ပြန်လည်စေလွှတ်မှုကို ဇွန်လ ၃၀ရက်နေ့ နံနက် ၉ နာရီအချိန်က ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ ၂၈ ဦးစစ်ဆေးရာမှာ ရောဂါပိုး ရှိသူ ၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ် တုံ့ပြန်ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၂၈)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၅)ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

ထန်တလန်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ချင်းပြည်နယ်