ကရင်ပြည်နယ်

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှ စတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူလယ်သမားဦးကြီးများ၏ စွမ်းဆောင်မှုကိုဂုဏ်ပြုမြှင့်တင်ပေးသောအားဖြင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် တောင်သူလယ်သမားဦးကြီးများ၏စွမ်းဆောင်မှုကို ဂုဏ်ပြုမြှင့်တင်ပေးသောအားဖြင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၄) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက လိပ်သိုမြို့ အမှတ် (၄) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ စတင်ဆွတ်ခူးရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မရမ်းသီးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ခြံပိုင်ရှင်များက ပေါ်ဦးပေါ်ဖျား မရမ်းသီးများကို ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။  

ကော့ကရိတ်မြို့တွင် မိမိတို့နေအိမ်ခြံဝန်းမြေကွက်လပ်များ၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၃) ရပ်ကွက်တွင် မိမိတို့နေအိမ်ခြံဝန်းမြေကွက်လပ်များ၌ အရင်းအနှီးနည်း၍ ရာသီမရွေး စိုက်ပျိုးနိုင်သော ငှက်ပျောပင်များကို စိုက်ပျိုးထားခြင်းအားဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ပျိုးသူထံမှ သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်အား ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် Robusta ကော်ဖီစေ့များ ဈေးကောင်းရလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး အသီးအထွက်နှုန်း ကောင်းမွန်စေရန် မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့် နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိက အားထားလုပ်ကိုင်အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများ အားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း မျှော်လင့်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက် ရရှိလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တွဲဖက်၍ တောင်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြရာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြပြီး နနွင်းများ တွင်ကျယ်စွာ တူးဖော်သိုလှောင်ရောင်းဝယ်ချိန် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ်စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်