ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ရဲစတိုင်း မြန်မာပြန်ရေးသားသော “မှတ်ဉာဏ်ထက်မြက်စေမည့်နည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက်   ၁၁  နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ခရမ်းချဉ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ၊ တောင်ယာများနှင့် လယ်ယာများတွင် မိသားစု အထောက်အကူပြုစေရန်အတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှုအားကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အခြေခံပညာမူလတန်းအဆင့် ပဥ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သံတောင်ကြီးမြို့တွင် တောင်ပေါ်ခရမ်းချဉ်သီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ပြည်သူအများစုမှာ အသက်မွေးဝမ်းမှုအဖြစ် တောင်ယာများခုတ်ပြီး မီးရှို့ကာ နှစ်ရှည်ခံသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် တောင်ယာများတွင် နှစ်တိုသီးနှံဖြစ်သည့် တောင်ပေါ်ခရမ်းချည်သီးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိသည်။ ယခုမတ်လ ဒုတိယပတ်မှစပြီး တောင်ပေါ်ခရမ်းချဉ်သီးများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်သောကြောင့် ဒေသခံပြည်သူများမှာ သွားရောက်ခူးယူပြီး ပြန်လည်ရောင်းချရာတွင် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade–5 နှင့် Grade–9 ကျောင်သား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံမူလတန်းအဆင့် (Grade-5)နှင့် အခြခံပညာအလယ်တန်းအဆင့် (Grade-9) ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ဒုတိယ)နေ့ကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်း အသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြခန်းများခင်းကျင်းပြသ

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနက ပြခန်းများ ပါဝင်ခင်းကျင်းပြသခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကမမောင်းမြို့၌ Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်/ မြို့နယ်/ မြို့အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေး

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာများက ယနေ့နံနက်(၉)နာရီ အချိန်က အခြေခံပညာကျောင်းသို့သွားရောက်အားပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် တညင်းပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိနေပြီး အသီးတင်နှုန်း ကောင်းမွန်စေရန် မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီ၊ ဖာလာ၊ တညင်းစသော နှစ်ရှည်သီးနှံပင် များကို စိုက်ပျိုးထားလျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော တညင်းပင်များမှာ မိုးတစ်ကြိမ် ရွာသွန်းပြီးစတွင် အပွင့်များ ဝေဝေဆာဆာ ဖူးပွင့်လာလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်