ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှစ်ဆုံးကျောင်းတွင်း စစ်ဆေးခြင်းစာမေးပွဲ နောက်ဆုံးနေ့ (သိပ္ပံ)ဘာသာရပ်ဖြေဆို

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်  အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို  ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားရာ နောက်ဆုံးနေ့(သိပ္ပံ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၃) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက  လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများပိုမိုဆောင်ရွက်ပေးနိုင်ရန် အရန်သားဖွားသင်တန်းဖွင့်

ကျေးလက်နေပြည်သူများ ရောဂါဘယကင်းရှင်းရေး၊ သက်တမ်းစေ့အသက်ရှည် စွာနေထိုင်နိုင်ရေးနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သာဖွားသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။

ဘားအံမြို့ရှိ သစ်လွင်ယက္ကန်းကုန်ထုတ်သမဝါယမအသင်းသို့ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သမဝါယမကဏ္ဍမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်ဖြူနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် အိန္ဒုကျေးရွာရှိ သစ်လွင်ယက္ကန်းကုန်ထုတ် သမဝါယမအသင်းသို့ သွားရောက်ပြီး သမဝါယမအသင်းသားများပိုင် ယက္ကန်းစင်များတွင် ကရင်ရိုးရာအဝတ်အထည်များ ယက်လုပ်နေမှု၊ ထွက်ရှိလာသော ချည်ထည်များ ထုပ်ပိုးမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ပဲပုစွန်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် သီးပင်စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ ပဲပုစွန်ပင်များကိုလည်း စိုက်ပျိုးထားကြကြောင်း သိရသည်။

ဘားအံမြို့၏ မြို့ရေပေးဝေရေးလုပ်ငန်းအား ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ဆောင်ရွက်မည်

ဘားအံမြို့ ဧရိယာအတွင်း နေထိုင်ကြသော အိမ်ထောင်စုများအား သံလွင်မြစ်နှင့် စက်ရေတွင်းများမှ ရေကို စုပ်တင်၍ ရေစုကန်များမှတစ်ဆင့် သောက်ရေ၊သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ နေ့စဉ် ရေပုံမှန်ရရှိနိုင်ရေး မြို့ရေပေးဝေရေးလုပ်ငန်းကို ဆိုလာစနစ်သို့ ပြောင်းလဲတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

သံတောင်ကြီးမြို့တွင်  ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကိုအဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူ များသည်  မိမိတို့၏  ဥယျာဉ်ခြံများအတွင်းတွင်ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက  လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ ဖြေဆို     

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (ပထဝီဝင်) ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6 ၊ Grade – 7 ၊ Grade – 8၊ Grade – 10 ၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။         

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

သန်းပေါင်းများစွာသော ကလေးများသည် အန္တရာယ်များသော အလုပ်များကို လုပ်ကိုင်နေကြရပြီး အလွဲသုံးစားပြုခြင်းနှင့် လုပ်အားခေါင်းပုံ ဖြတ်ခြင်းကိုလည်းခံနေကြရကြောင်း ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်