ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုမှု နည်းစနစ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုက်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်လာသူများက မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး သင်တန်းသားများအား ဆက်လက်သင်တန်းပို့ချပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်