ကရင်ပြည်နယ်

ကွမ်တာကျေးရွာတွင် တိုင်းရင်းသားရေးရာနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက  လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်၊ ရေပူစမ်းကျေးရွာ၊ ဘုရင့်နောင်စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀:၀၀ နာရီက ရေပူစမ်းကျေးရွာရှိ ဘုရင့်နောင်စာကြည့်တိုက်၌ ဆောင်ရွက်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းရှိ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေး ပြည်နယ်အစိုးရအဖွဲ့မှ အဘက်ဘက်မှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်း၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄)ခန်းတွဲ (၅)ထပ် RC ဝန်ထမ်းအိမ်ရာနှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြဝတီမြို့ ရွှေလဝန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအားသိရှိပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေးနှင့်  စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂:၀၀ နာရီက မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေလဝန်း ကိုယ်ပိုင်အထက်တန်း ကျောင်းခန်း မဆောင်၌ ကျင်းပပြုလုပ်သည်။         

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ၌  တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က  လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂)ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့် ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်