လိပ်သို စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှထွက်ရှိသည့် ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည် စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ယခုအချိန်တွင် လိပ်သိုဒေသထွက် ပျားရည်များ ဈေးကောင်းရရှိနေကြောင်း သိရသည်။
နွေရာသီကာလ ပျားဖွတ်ရာသီ ရောက်ရှိချိန်တွင် ဒေသခံပျားဖွတ် တောင်သူများက တောတောင် ထူထပ်သည့်နေရာများမှ သစ်ပင်ကြီးများတွင် စွဲနေသည့် ပျားအုံများမှ သဘာဝပျားရည်များကို ဖွတ်ယူကာ ပျားရည်ဝယ်ယူသိုလှောင် သူပွဲစားများထံသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိပ်သိုဒေသထွက် သဘာဝပျားရည်များသည် နွေရာသီကာလက တစ်ပုလင်းလျှင် ကျပ်(၁၀၀၀ဝိ/-) ဖြင့်သာရောင်းချရပြီး ယခုမိုးရာသီကာလတွင် ပျားရည်တစ်ပုလင်းလျှင် ကျပ် (၁၂၀၀ဝိ/-)ဖြင့် ရောင်းချရကြောင်း လိပ်သိုမြို့ ပျားရည်ရောင်းဝယ်လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
နော်ဖလောရင်း