လှိုင်းဘွဲ စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းညှိနှိုင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလင်းခိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေအလိုက် မဲစာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး၊ စနစ်တကျစိစစ်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က အခြေခံလူဦးရေစာရင်းများ ပြုစုမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်က လူဦးရေစာရင်းများ ပြုစုမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်မှုးများက အဖွဲ့လိုက် မဲစာရင်းများစိစစ်ခြင်းနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိကြောင်း ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကို ဆောင်ရွက်ခဲ့ကြကာ မြို့နယ်ရွေးကောက်ပွဲ ကောင်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလင်းခိုင်က နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့သည်။
စောဒိ(ပြန်/ဆက်)