(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

မြဝတီ စက်တင်ဘာ  ၂၇

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊   မြဝတီခရိုင်ရဲတပ်ဖွဲ့မှ    ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၈) နာရီတွင်  အမှတ်(၄)ရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းခြင်းကို မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး မိုးကျော်ဟိန်း ဦးဆောင်မှုဖြင့် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်၊  ခရိုင်လုံခြုံရေးတပ် ခွဲမှူး ရဲမှူးခင်မောင်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ညီညီလွင်၊ အမှတ်(၃) မှုခင်းရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူးလှဝင်း၊ သတင်းရဲတပ်ဖွဲ့စု(မြဝတီ) မှ ဒုတိယရဲမှူး သန်းစိုးအောင်၊ အမှတ်(၃၂) မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့စု မှ ဒုတိယရဲမှူးဇော်ဇော်ဝင်း၊ အမှတ် (၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်လင်းဌေး၊ အမှတ်(၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ  ဒုတိယရဲမှူး သက်ဇော်ထွန်း၊ အမှတ်(၁၃) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ထွန်းထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များသည် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထိုသို့သွေး လှူဒါန်းခဲ့ကြသည့် သွေးလှူရှင် တပ်ဖွဲ့ဝင် (၂၃)ဦးတို့ကို တာဝန်ရှိသူများက ဘရင်းကြက်ပေါင်းရည်၊ ငှက်သိုက်၊ ကြက်ဥ၊ အားဖြည့်အချိုရည်နှင့် ငွေသား (၃၀၀၀၀)ကျပ်၊ စုစုပေါင်း( ၁) ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)