မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
နိုင်ငံတော်၏ သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝ ဖြစ်ထွန်းစေရန်၊ ကောင်းမွန် မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီက မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်တင်ကုန်ချ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။