လိပ်သိုမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

လိပ်သို ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သဇင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် Grade-11 ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်ဒို့နွှဲပျော်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ထို့နောက် မိဘဆရာအသင်း အလုပ်အမှုဆောင်နာယက ဉီးစောဂျေအေဝင်းမြင့်နှင့် ကျောင်းအကျိုးတော်ဆောင်ဉက္ကဋ္ဌ ဉီးစိုးတင့်တို့က ကျောင်းသား/ကျောင်းသူများအား ဆုံးမစကားနှင့်အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများအားလည်းကောင်း၊ မြို့နယ်အဆင့်သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများက တို့တာဝန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း