ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လိုအပ်သည့်အခြေခံအဆောက်အဦများကို တည်ဆောက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ   လိုက်လံကြည့်ရှုစစ်ဆေးသည်။

 ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ လှာကမြင်ကွက်သစ်၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၈၀ ဒသမ ၅ သန်းဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (အလျား ပေ ၂၀၀၊  အနံပေ ၁၃၀)  တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ရေးလုပ်ငန်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၄၁၆ ဒသမ ၂၉၀ သန်းဖြင့် အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ် (၉၀၅)တွင် (၅)ခန်းတွဲ(၅)ထပ် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၄၀၈ ဒသမ ၃၆၈ သန်းဖြင့် အလျား ပေ ၁၀၀၊ အနံပေ ၃၀ RCC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းနှင့် အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၆၅၆ ဒသမ ၆၇ သန်းဖြင့် အလျား ပေ ၁၁၀၊ အနံပေ ၃၀ RCC နှစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းတို့အားကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တာဝန်ယူ တည်ဆောက်သည့် ကုမ္ပဏီများမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)