ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတို့ကို စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘားအံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ကျေးရွာစာကြည့်တိုက် ငါးတိုက် ဆောက်လုပ်ပေးသွားမည်

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက် သုံးတိုက်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်တိုက် စုစုပေါင်း ကျေးရွာစာကြည့်တိုက် (၅)တိုက်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်းဖွင့်၊ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ မြို့မသာသနာပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ အ-ထ-က ပိုင်ကျုံ‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လမ်းဦးစီးဌာနနှင့် စာတိုက်လုပ်ငန်းမှ ဝန်ထမ်းမိသားစုဝင်တို့က စုပေါင်းကာ စက်တင်ဘာလ ၂၁ ရက်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက်သဘာဝပျားရည်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ထွက်ရှိသည့် သဘာဝပျားရည်များသည် ဆေးဖက်ဝင်သဘာဝပျားရည်စစ်စစ်ဖြစ်သည့်အတွက် ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိကြောင်းသိရသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစား ဝန်ထမ်း များ၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက် မှစတင်၍ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးပွဲဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးလိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ၂၀ နံနက်ပိုင်းက ဘားအံမြို့၊ မြိုင်သဇင်ဘုန်းတော်ကြီးကျောင်းပရိဝုဏ်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းဦးစီး၍ ပြည်သူ့အကျိုးပြု စုပေါင်းလုပ်အားပေးပွဲကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေရယူပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်း၏အသင်းသား ဦးမောင်မောင်ကျော်ဆန်စက်သို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။

သံတောင်ကြီးမြို့နယ်  ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် စက်တင် ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်