ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်စိုက်ပျိုး

ဘားအံ ဇူလိုင် ၇

ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ၂၀၂၆ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၇ ရက် နံနက် ၇ နာရီက ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ အောင်သံလွင်ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး  ဦးစောထွန်းအောင် တက်ရောက်စိုက်ပျိုးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို ဘောလုံးကွင်းပွဲကြည့်စင်အနောက်ဘက်ခြမ်းရှိ မြေလွတ်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း  (၂၆) ဦးတို့မှ မဟော်ဂနီ၊ စိန်ပန်း၊ သပြေ၊ ပိတောက်၊ ခရေပျိုးပင်ပေါင်း (၅၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပါဝင်စိုက်ပျိုးပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကိုလည်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

ပြည်နယ် (ပြန်/ဆက်)