ကော့ကရိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကော့ကရိတ် ဇူလိုင် ၇

ကရင်ပြည်နယ်၊ ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာမှ သဘာဝဘေးအန္တရာယ်ဆိုးများမှ ကင်းဝေးပြီး အေးချမ်းသာယာလှပစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းမှ မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဖြစ်သော သဘာဝဘေးဖြစ်စဉ်အကြောင်းအရာအမျိုးမျိုးကြောင့် ဆုံးရှုံးမှုများမ‌ဖြစ်‌ပေါ်စေရေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသုံး ကယ်ဆယ်ရေး ပစ္စည်းကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဟောပြော၍ သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

ပြီးနောက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဟောက်ရှင်းခိုင်မှ သဘာဝဘေး ၉ မျိုးမှ ပျက်ဆီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သဘာဝဘေးဖြစ်ပေါ်လာပါက အကူအညီဆက်သွယ်တောင်းခံရမည့် ဌာနများ၊ မိမိကြောင့်ဖြစ်စေ၊ သဘာဝအန္တရာယ်ကြောင့်ဖြစ်စေ ါ့ဆမှုများမဖြစ်ရလေအောင် အသိပညာပေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ မီးလောင်မှုများ မဖြစ်ပေါ်နိုင်အောင် မီးတားလမ်းများ၊ မီးသတ်ဆေးဘူးများ၊ ကြိုတင်ကာကွယ်ရေးပစ္စည်းများ အရေးပေါ် အသုံးပြုနိုင်‌စေရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုပါကြောင်း၊ လျှပ်စစ်မီးများပေါ့ဆမှုကင်းဝေးစေရေးအတွက် တစ်နှစ်တစ်ကြိမ် မီးကြိုးများ စစ်ဆေးဆောင်ရွက်ပြီးမှ အသုံးပြုကြရန် ဟောပြောခဲ့သည်။

ဟောပြောပွဲသို့  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)