ကရင်ပြည်နယ်

ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ခံယူချက်နှင့် အ‌လေ့အကျင့်ဆိုင်ရာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် ရရှိရထိုက်သော အခွင့်အရေးများကို ပြည့်ဝစွာရရှိနိုင်ရန်အတွက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရွေးကောက်ပွဲဆိုင်ရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိသည်။

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များဗလငါးတန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မွန်းလွဲ ၁ နာရီက မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် ဒေသတွင်းစားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ချေးငွေရယူပြီး လုပ်ငန်းများဆောင်ရွက်နေသော ဘားအံမြို့နယ် ကော့သင်းရှူး ကျေးရွာအုပ်စုရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့်နှင့်တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

ကရင်ပြည်နယ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။

ပိုင်ကျုံမြို့၌ အကြိမ်(၇၀)မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အကြိမ် (၇၀) မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရားဒိုးအကပြိုင်ပွဲ၌ ပိုင်ကျုံမြို့ ကိုယ်စားပြု ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၉) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်