သံတောင်ကြီး ဇွန် ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ နာနတ်သီးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားအဖြစ် စိုက်ပျိုးကြသည်။ နာနတ်သီးများသည် နေရာဒေသမြေကြီး အမျိုးအစား မရွှေးစိုက်ပျိုးနိုင်သည်။ ယခုအချိန်တွင် နာနတ်သီးများ စတင်ရင့်မှည့်လာပြီး စားသုံးရာသင့်လျော်ပြီဖြစ်သောကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ဥယျဉ်ခြံများတွင် ပေါ်ဦးပေါ်ဖျားနာနတ်သီးများကို သွားရောက်ခူးယူပြီး ပြန်လည် ရောင်းချရာတွင် ဈေးကောင်း ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် နာနတ်သီးများကို နာနတ်ဝိုင်ပြုလုပ်ရာတွင်လည်ကောင်း၊ နာနတ်ယိုပြုလုပ်ရာတွင်လည်းကောင်း၊ ဖျော်ရည်သောက်သုံးရာတွင်လည်းကောင်း အသုံးပြုလျက်ရှိသည်။ နာနတ်သီးများကို သံတောင်ကြီးမြို့တွင်သာမက တောင်ငူမြို့ရှိ အသီးအနှံရောင်းဝယ်သူများထံ သွားရောက်ရောင်းချရာတွင် အရွယ်အစားပေါ်မူတည်၍ နာနတ်သီးအသေး တစ်လုံးကိုကျပ် (၁၅၀၀)မှကျပ် (၂၀၀၀) နာနတ်သီးအကြီးတစ်လုံးကို ကျပ်(၂၅၀၀)မှ (၃၀၀၀) ထိဈေးကောင်း ရရှိ ကြောင်းသိရသည်။
နော်နော်မူ