လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။