Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် ကလန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကန်ပြည့်ကျေးရွာအုပ်စု၊ ကလန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဝန်ထမ်းများဌာန၏ လုပ်ငန်းတာဝန်များကို နားလည်တတ်မြောက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ကျေးရွာစာကြည့်တိုက် ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Aug 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ဝိုးလိုင်းကျေးရွာအုပ်စု၊ တုံတစ်ကျေးရွာစာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်၊ အတွင်းရေးမှူး ဒေါ်အိရွှေစင်လတ်နှင့် အဖွဲ့ဝင်များတို့က ကျေးရွာစာကြည့်တိုက်အတွင်း သန့်ရှင်းရေးနှင့် ဘေးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးန…
Aug 22,2024
ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ
Aug 22,2024
ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြဿနာများ လျှော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီစိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှုလျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများ လက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာအသုံပြနိုင်ရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅)စက်မှု လယ်ယာစခန်းမှ ကြီးမှုးကျင်းပသည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ တောင်သူဦးဇင်မြင့်ဇော်၏ လယ်မြေလေးဧက၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 22,2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုးက ရေးမြို့နယ်အတွင်း၌ ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့၊ စျေးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲ ဆောင်ရွက်
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စျေးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း စာသင်ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီ (၃ဝ)အချိန် ကစာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ စာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7362
Page
7363
Page
7364
Page
7365
Current page
7366
Page
7367
Page
7368
Page
7369
Page
7370
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department