အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၏ကြီးကြပ်မှုဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေစားစီးပွားရေးလုပ်ငန်းများ လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရေး၊ ရရှိသောငွေကြေးအရင်းအနှီဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင်မတည်ရန်ပုံငွေထူထောင်၍ ငွေကြေးအကျိုးအမြတ်များရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ဒေသများတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်တလည်ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ (ပဉ္စမအကြိမ်) လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည်-ရန်ကုန်ပြေးဆွဲလျက်ရှိသော အမှတ်(၇၂) အစုန်အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့်  ဖြတ်ထိုးဉာဏ် ရင့်သန်စေရန် ရည်ရွယ်ပြီး ယမန်နေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။