အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ တံတားတစ်စင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အဆိုပါတံတားအား ယာယီသွားလာနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
Aug 22,2024
နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သော လိမ္မာရေးခြားရှိသော၊ အတွေးအခေါ်အကြံအဆကောင်းသော၊ ထက်မြက်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ ဗဟုသုတနှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာမများ ပူးပေါင်းကာ ၃ ထပ်ဆောင်နေရာ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက် ပံ့လှူငွေ ကျပ်သိန်း(၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက် အဆောက်အအုံဆောက်လုပ်မည့်မြေနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ် ၂ နာရီက ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 22,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အိုးဘိုယာပြင်-လွတ်လပ်ရေးကျောက်တိုင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်မနေ့မွန်းလွဲ(၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီက သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Aug 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကာယစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍  မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။