Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာ၊ ရွာရှောင်လမ်းခင်းခြင်း တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Sep 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာ ရှောင်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးလုပ်ငန်းသုံး ဝါးအုပ်ဆောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 05,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေ ပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြု၍ရသော ဝါးအုပ်ဆောင်းများ တစ်ပိုင်တစ်နိုင် ရက်လုပ် ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2024
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာတွင် ပန်းမုံလာသီးနှံများ နှစ်ပတ်လည်စိုက်ပျိုး
Sep 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် ရှေးယခင်ကတည်းကပင် ဆည်၊ မြောင်း၊ ချောင်းကန်ပေါများသည့် ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေများတွင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဝါ၊ ဖူးစားပြောင်း၊ ငရုတ်၊ နနွင်း၊ ဟင်းသီး/ဟင်းရွက်နှင့် ကျွဲ၊ နွားစာများ အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် ပင်တလည်ကျေးရွာတွင် နေထိုင်ကြသော တောင်သူအချို့သည် ပန်းမုံလာ သီးနှံများ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့တွင် လူငယ်ရေးရာအသိညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.မ.က မိုင်းယိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် (၆၀) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Sep 05,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၆၀) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် ရှော်တောကျေးရွာ၌ ပထမအကြိမ် မော်တော်ဆိုင်ကယ်အခြေခံ ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ
Sep 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရှော်တောကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်မည့်လုပ်ငန်းအဖြစ် ရှော်တောကျေးရွာတွင် ပထမအကြိမ်မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6970
Page
6971
Page
6972
Page
6973
Current page
6974
Page
6975
Page
6976
Page
6977
Page
6978
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department