အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ထန်းတပင်မြို့နယ်၊‌ အပြင်ရေကျော်ကျေးရွာတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့မ(၂)အ.မ.ကမူလွန်ကြားတောရကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် မတည်ငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းစတင်လည်ပတ်နေမှုနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအား ယမန်နေ့နံနက်(၁၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ကျောင်းသူ လူငယ်များအား အသိပညာပေးနံရံကပ် စာစောင်များ ကပ်နှံထားရှိလျက်ရှိရာ ယမန်‌နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ စာဖတ်ပရိသတ် ကျောင်းသား၊သူများက အဆိုပါ နံရံကပ်ပြဘုတ်များအား လေ့လာဖတ်ရှုခဲ့ကြသည်။
Sep 05,2024
ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းသည့်ပစ္စည်းများအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Sep 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.မ.က(ဝမ်မိုင်)ကျောင်းသို့သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 05,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။