Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 07,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကြယ်စင်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက် ၊ ဝမ်းလျှောရောဂါ အကြောင်းသိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Sep 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်း(လွန်) (ဇရပ်ကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စျေးဆိုင်များ၊ ဆေးဆိုင်များနှင့် အဖွဲ့ပိုင်စျေးအတွင်းရှိဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေး
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စျေးဆိုင်များ၊ ဆေးဆိုင်များနှင့် အဖွဲ့ပိုင်စျေးအတွင်းရှိဆိုင်များတွင် တားမြစ်ထားသောစားသောက်ကုန်နှင့် ဆေးပစ္စည်းများ၊ ဆန်များကို ရည်ညွှန်းစျေးအတိုင်းရောင်းချခြင်း ရှိ၊မရှိတို့ကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာ
Sep 07,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အောင်မြင်စိုက်ပျိုးရေးစခန်းနယ်မြေအတွင်းရှိ ဆင်ဇလုပ်ကျေးရွာအုပ်စု၊ သရက်စိန်ကျေးရွာအား စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ထားသဖြင့် စီမံကိန်းလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတာဝန်ခံနှင့် ရွာသူရွာသားများသည် ယမန်နေ့က ဒိုက်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေလေးဆယ်ကျေးရွာနှင့် ကတုတ်မျိုးသန့်ခြံတို့အား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီမှူးရုံးမှ ဦးစီးအရာရှိ ဦးစောဝဏ္ဏက သန်းခေါင်စာရင်းကောက်ယူမည့်ရည်ရွယ်ချက်၊ ကောက်ယူမည့်အချိန်ကာလ၊ သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူနှင့် ထည့်မကောက်ရမည့်သူများ၊ မှန်ကန်စွာဖြေဆိုခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများ၊ ဖြေကြားသည့်အချက်အလက်လုံခြုံစိတ်ချရေးနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဌာန်းထားမှုအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို အသေးစိတ်ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်…
Sep 07,2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ယနေ့ နံနက် ၆ နာရီက ရပ်တော်မူဘုရားတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6953
Page
6954
Page
6955
Page
6956
Current page
6957
Page
6958
Page
6959
Page
6960
Page
6961
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department