အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Sep 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှု ဖြင့်အမှတ်(၁) အထည်စက်ရုံတွင် ယမန်နေ့နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ Mpox (မျောက်ကျောက်) ရောဂါ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနက​ဆောင်ရွက်ခဲ့သည်။
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ခြင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 07,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ည​နေပိုင်းက လူမှုဝန်ထမ်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 07,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၁ နာရီက ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်သော မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး TALK SHOW ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
Sep 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များအသိပညာ၊ အတွေးအခေါ် များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း‌ ‌သစ္စာခန်းမ၌ ကျင်းပခဲ့သည်။