အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2024
Pro creative Center (PCC) Arts and Media School သင်တန်းကျောင်း၏စီစဉ်ကျင်းပသည့် “Film Production” Free Workshop အား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ Film Development Centre သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2024
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်ရှိ ​ရှေး​ဟောင်းသမိုင်းဝင် ​ရွှေသိမ်တော်မြတ်ကြီး ရတနာစိန်ဖူး​တော်နှင့် ငှက်မြတ်နား​တော်တင်လှူပူ​​ဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက အဆိုပါ​စေတီ​တော်မြတ်ကြီး၌ ကျင်းပရာ​ရွှေဘိုမြို့သံဃနာယကဥက္ကဋ္ဌ ပုခန်း​ကျောင်းတိုက်ဆရာ​တော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဿုတနှင့် နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်​ဆောင်ဆရာ​တော်အရှင်သူမြတ်အမှူးပြု​သော သံဃာ​တော်များ ကြွရောက်တော်မူကြပြီး အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်မြေ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့​ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်​ရောက်ခဲ့သည်။
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးခင်မောင်းလေး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ကြသည်။
Sep 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်စေရန်အတွက် “ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အ.ထ.က (ဇရပ်လှကြီး)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဈေးဦးကျွန်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တရုတ်စု(အ.လ.က)နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2024
ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။