Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်၊ သမှုန်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Sep 07,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သမှုန်းပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး…
Sep 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများအပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ ထားဝယ်သူနာပြု သင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲတက်ရောက်၍ ဆုရသူများအား…
Sep 07,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများအလိုက် ဆုရကျောင်းသား/ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာအလင်္ကာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာရင်းစစ် စာရင်းကောက် ခန့်အပ်လွှာပေးအပ်ပွဲအခမ…
Sep 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာရင်းကောက်ယူခြင်း ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော
Sep 07,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်
Sep 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်း
Sep 07,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 07,2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6950
Page
6951
Page
6952
Page
6953
Current page
6954
Page
6955
Page
6956
Page
6957
Page
6958
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department