အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တော‌ဦးစီးဌာနတို့ပူးပေါင်းပြီး" ပြည်သူလူထုပူးပေါင်း‌ပါဝင်‌ သောမိုးရာသီသစ်ပင်စိုက်ပျိုးခြင်း" အသိပညာပေးခေါင်းစဉ်ဖြင့်Talk Show ကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌ကြောင်း သိရသည်။
Sep 07,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အုပ်စုရှိ အမှတ်(၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပရာ သင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ သံဖြူဇရပ်တပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာသို့ ရောက်ရှိလာပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။
Sep 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘိုကတော်ကျောင်း၌ ကျင်းပသည်။
Sep 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မြို့မိမြို့ဖများနှင့် အလှူရှင်များ ပါဝင်ဆောင်ရွက်သော (တတိယ)အကြိမ်မြောက် ဝါတွင်းကာလ ဒါနဆွမ်း၊ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း၌ ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်‌ထွေ/အုပ်ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက Theater(1) ၌ ကျင်းပပြုလုပ်သည်။
Sep 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။