Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကံမမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စည်ပင်သာယာ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်္ယန်းကျွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၃) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
Sep 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့ သွားရောက် ၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်၌ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အစည်းအဝေးပြုလုပ်
Sep 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ လိပ်ဥကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာ ဝိဇာတ မွေးနေ့အဖြစ် အိမ်ထောင်စု(၁၂၀၀)အား ဆန်၊ ဆီ၊ ကြက်သွန်များ လှူဒါန်းပွဲပြုလုပ်
Sep 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကမျွမ်ဘုရား၊ လိပ်ဥကုန်းကျောင်းတိုက်၊ ထာဝရ-ရာသက်ပန် မိုးကုတ် ဝိပဿနာ၊ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓါန မဟာနာယက "နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ၊ နိုင်ငံတော်မဟာ ကမ္မဋ္ဌာနာစရိယ၊ နိုင်ငံတော်အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များရ၊ ပြည်တွင်း/ပြည်ပ သာသနာပြုအကျော်" ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာ၏ ဝိဇာတမွေးနေ့အဖြစ် မြို့နယ်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု (၁၂၀၀)အား ဆန်၊ ဆီ၊ ကြက်သွန်များ လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ရှေးဟောင်း သမိုင်းဝင် ကျိုက္ကမျွမ်ဘုရားဝန်းအတွင်း ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ကွင်းဆင်းဆောင်ရွက်
Sep 09,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က နတ်မှော်ရွာသစ်(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6929
Page
6930
Page
6931
Page
6932
Current page
6933
Page
6934
Page
6935
Page
6936
Page
6937
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department